၂၂-၁-၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ၏ ၂၀၁၀-၂၀၁၂ခုနှစ်အလုပ်အမူဆောင်
သက်တမ်း ဒုတိယအကြိမ်မြောက်(၆)လပတ်ညီလာခံအား ၂၂ရက် ဇန်န၀ါရီလ၂၀၁၁၂ ခုနှစ်(တနင်္ဂနွေနေ့ )
တွင်IKEBURURO. Kenko-Plaza (7-F)တွင် မနက်၉နာရီတွင်စတင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား
မှုးအဖြစ် ဦးဇော်မင်းထွန်း၊သဘာပတိအဖြစ် ဥက္ကဌ ဦးလှဟန်တို့မှတာဝန်ယူကျင်းပပြုလုပ်ခဲ့ပါသည်။
ညီလာခံတွင်လွတ်မြောက်နယ်မြေ(ဗဟို)၏ သ၀ဏ်လွှာများဖတ်ကြားတင်ပြ၍၂၀၁၀-၂၀၁၂ဗဟိုအလုပ်အ
မှုဆောင်ကော်မတီ၏ လှုပ်ရှားမှုအစီရင်ခံစာတင်သွင်းခဲ့ပါသည်။ ထို့နောက် ၆လပတ်ညီလာခံသက်တမ်း
အတွင်း အဖွဲ့ဝင်သစ်များနှင့် အလုပ်ကော်မတီဝင်အသစ်များအတည်ပြုခြင်း၊(၂ဝ၁ဝ-၂ဝ၁၂)အလုပ်အမှု့
ဆောင်ကော်မတီ(ရေးရာမှူး)များ၏ လုပ်ငန်းအစီရင်ခံစာနှင့်နာဂိုယာစည်းရုံးရေးဒေသ၏ အစီရင်ခံစာများကို
တင်သွင်းခဲ့ကြပါသည်။ ဆက်လက်၍အဖွဲ့ချုပ်အဖွဲ့ဝင်များမှရှေ့လုပ်ငန်းစဉ်များနှင့်ပက်သက်၍ဆွေးနွေး
အကြံပြုခဲ့ကြပြီးနောက် လက်ရှိနိုင်ငံရေး အခြေအနေများအပေါ်လည်းဆွေးနွေးညှိနှိုင်း သုံးသပ်ခဲ့ပါသည်။
ညီလာခံအား အခမ်းအနားသဘာပတိဥက္ကဌ ဦးလှဟန်မှ နိဂုံချုပ်အမှာစကားပြောကြားပြီးနောက်ညနေ၎
နာရီတွင် ပြီးဆုံခဲ့ပါသည်။
NLD(LA)JB (သတင်းပြန်ကြားရေးဌာန)









0 comments:
Post a Comment