ဖိတ်ခေါ်ပါသည်- - - - - - - - ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အန်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ၂၀၀၃ မေ၃၀ ဒီပဲယင်းလုပ်ကြံခံရမှု အချိန်မှစ၍ ဂျပန်နိုင်ငံ၏ အများပြည်သူရုံးပိတ်ရက်၊ အားလပ်ရက်များမှအပ နေ့စဉ်နေ့တိုင်း ဂျပန်နိုင်ငံရှိ မြန်မာသံရုံး(အခွန်ရုံး)ရှေ့နှင့် အခြား အရေးကြီးနေရာများသို့ လှည့်လည်၍ ဒီမိုကရေစီလိုလားသူအဖွဲ့အစည်းအသီးသီး နှင့် ပူးပေါင်း၍သော်၎င်း ဦးဆောင်၍ သော်၎င်း ဆန္ဒပြတောင်းဆိုခဲ့ကြပါသည်။ ဒီမိုကရေစီရရှိဖို့ လူကြီးမင်းများအနေဖြင့် တစ်တပ်တစ်အား တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။

Thursday, 19 November 2009

၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဆဋ္ဌမအကြိမ်ညီလာခံမှ ဗဟိုကော်မတီဝင်များကို ရွေးချယ်တင်မြှောက်ကြောင်းထုတ်ပြန်



                            အမျိုးသားဒီမိုကရေစီအဖွဲဥန ချုပ် (လွတ်မြောက်နယ်မြေ)
                                    ဆဌမအကြိမ်ညီလာခံကျင်းပရေးကော်မရှင်
                                                      (ဗဟိုဌာနချုပ်)
                                               ထုတ်ပြန်ကြေညာချက်
 

၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ် (လွတ်မြောက်နယ်မြေ) ဆဋ္ဌမအကြိမ်ညီလာခံမှ အောက်ဖော်ပြပါအတိုင်း ဗဟိုကော်မတီဝင်များကို ရွေးချယ်တင်မြှောက်ကြောင်းထုတ်ပြန်ကြေညာလိုက်ပါသည်။
 

(၁) ဦးဗိုလ်သောင်း ဥက္ကဋ္ဌ
(၂) ဒေါက်တာအေးကျော် ဒု-ဥက္ကဋ္ဌ
(၃) ဦးမြင့်စိုး အတွင်းရေးမှူး
(၄) ဦးအောင်ဇော်ထွေး တွဲဖက်အတွင်းရေးမှူး (၁)
(၅) ဦးမိုးဇော်ဦး တွဲဖက်အတွင်းရေးမှူး (၂)
(၆) ဦးသောင်းတန်ချို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
(၇) ဦးဝင်းလှိုင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
(၈) ဦးမြင့်သိဏ်း ဗဟိုကော်မတီဝင်
(၉) ဦးရန်နောင်မြင့် ဗဟိုကော်မတီဝင်
(၁ဝ) ဦးမိုးမြတ်သူ ဗဟိုကော်မတီဝင်
(၁၁) ဒေါ်မိုးသီတာလွင် ဗဟိုကော်မတီဝင်
(၁၂) ဦးသက်စိုးလွင် ဗဟိုကော်မတီဝင်
(၁၃) ဦးသိန်းဝင်း ဗဟိုကော်မတီဝင်
(၁၄) ခွန်မြင့်ထွန်း ဗဟိုကော်မတီဝင်
(၁၅) ဦးပီတာလင်းပင် ဗဟိုကော်မတီဝင်
(၁၆) ဦးထွန်းအောင်ကျော် အရံ ဗဟိုကော်မတီဝင်
(၁၇) ဦးညိုအုန်းမြင့် အရံ ဗဟိုကော်မတီဝင်
 

                ( တင်အောင် )
                     ဥက္ကဋ္ဌ
ဆဌမအကြိမ် ညီလာခံကျင်းပရေးကော်မရှင်
ရက်စွဲ ။ ။ ၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်။


သတင်းအပြည့်အစုံဖတ်ရန်..♥

....♥♥♥♥♥♥ ....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဆဋ္ဌမအကြိမ်ညီလာခံမှ ထုတ်ပြန်ကြေငြာချက်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဆဋ္ဌမအကြိမ်ညီလာခံမှ ထုတ်ပြန်ကြေငြာချက်။


သတင်းအပြည့်အစုံဖတ်ရန်..♥

....♥♥♥♥♥♥ ....

Wednesday, 18 November 2009

ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ



အဖွဲ့ချုပ်အဖွဲ့ဝင်မျုား ခင်ဗျား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ(၂၉-၄-၂၀၀၉)ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သော

ရွှေဂုံတိုင် ကြေငြာစာတမ်းအား အကောင်အထည်ပေါ်လာနိုင်ရေးအတွက် ဂျပန်နိုင်ငံအတွင်း
နှီးနှောဖလှယ်ဆွေးနွေးပွဲကြီးကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ဂျပန်ဌာနခွဲမှ အဓိကတာဝန်ယူ၍ အခြားမဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပပြုလုပ်
သွာမည်ဖြစ်ပါသောကြောင့် အောက်ပါအစီစဉ်အတိုင်း အဖွဲ့ချုပ်အဖွဲ့ဝင်မျုားအားလုံးမပျက်မကွက်
တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
(သွားလာလှုတ်ရှားမည့် တာဝန်ခံများမှလွဲ၍အဖွဲ့ချုပ်တူညီဝတ်စုံများဖြင့် တက်
ရောက်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။)


၂၃-၁၁-၂၀၀၉ ရက်နေ့တွင် NLD(LA)JB မှတာဝန်ယူကျင်းပပြုလုပ်မည် ရွှေဂုံတိုင်
ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲအား အဖွဲ့ချုပ်တူညီဝတ်စုံများဖြင့် မပျက်မကွက်တက်
ရောက်ကြပါရန် လေးစားစွာဖြင့်အသိပေး အကြောင်းကြားအပ်ပါသည်။

နေ့ရက်။ ။ ၂၃-၁၁-၂၀၀၉(တနင်္လာနေ့)
အချိန် ။ ။ 
နံနက် ၁၀း၀၀မှ ညနေ၄း၀၀အထိ ။ အဖွဲ့ချုပ်အဖွဲ့ဝင်မျုား  ၉း၃၀အရောက်။
နေရာ ။ ။ Marunouchi Line မှလာလျှင် Awajicho Station မှ ၄မိနစ်၊

            Chiyoda Line မှလာလျှင်  Shinochanomizu Station Exit-B3 မှထွက်ထွက်ချင်း
             Rengo အဆောက်အဦး၊

                                       အောက်ပါမြေပုံညွှန်းအတိုင်းကြွရောက်ပါ။







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းအား တခဲနက် ထောက်ခံကြ

ရွှေဂုံတိုင်ကြေညာစာတမ်းအား မြန်မာ၊အင်္ဂလိပ်၊ဂျပန်ဘာသာ၊များဖြင့်လေ့လာနိုင်ရန်ထပ်မံဖော်ပြလိုက်ပါတယ်
Shwegonetaing Burmese English Japanese


သတင်းအပြည့်အစုံဖတ်ရန်..♥

....♥♥♥♥♥♥ ....

ယနေ့နေ့စွဲ့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထူးကြေငြာချက်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နအဖသို့ပေးစာ




Photobucket
Photobucket
Photobucket

Source မြတ်လေးငုံ ။ပေးပို့ ပေးသူမြတ်လေးငုံ သူငယ်ချင်းကိုလူချော....။


သတင်းအပြည့်အစုံဖတ်ရန်..♥

....♥♥♥♥♥♥ ....

Tuesday, 17 November 2009

* သံတိုင်ကြားက N.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ ဦးခွန်မြင့်ထွန်း


၂၃-၁၁-၂၀၀၉ ရက်နေ့တွင် NLD(LA)JB မှတာဝန်ယူကျင်းပပြုလုပ်မည် ရွှေဂုံတိုင်
ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲအား တက်ရောက်မည့် သထုံမြို့နယ်အမတ်ဦးခွန်မြင့်ထွန်း

၏   ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ

U KHON

source မြတ်လေးငုံ http://myatlayngon.blogspot.com/



သတင်းအပြည့်အစုံဖတ်ရန်..♥

....♥♥♥♥♥♥ ....

ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမိန့်ချခြင်းကို ဆက်လက်ဆန့်ကျင်ဆန္ဒပြခြင်း နှင့် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိလွှတ်ပေးရန် တောင်းဆို












ယနေ့ (၁၅.၁၁.၂၀၀၉) နေ့လည် ၂ နာရီ မှ ၄ နာရီအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ၏ နဂိုယာစည်းရုံးရေးဒေသ အဖွဲ့ချုပ်ဝင်များမှ နဂိုယာမြို့ Kanayama ဘူတာရှေ့ ၌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမိန့်ချခြင်းအား မြန်မာပြည်သူများအနေဖြင့် ဆန့်ကျင်ကြောင်းကို ဂျပန်ပြည်သူများ သိရှိနားလည်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းရှင်းလင်းပြောကြားခြင်းပြုလုပ်ခဲ့ပါသည်


သတင်း/ဓါတ်ပုံ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ နဂိုယာစည်းရုံးရေးဒေသ
http://nldlanagoya.blogspot.com/

သတင်းအပြည့်အစုံဖတ်ရန်..♥

....♥♥♥♥♥♥ ....

ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲဖိတ်ကြားအပ်ပါသည်။



အဖွဲ့ချုပ်အဖွဲ့ဝင်မျုား ခင်ဗျား

၂၃-၁၁-၂၀၀၉ ရက်နေ့တွင် NLD(LA)JB မှတာဝန်ယူကျင်းပပြုလုပ်မည် ရွှေဂုံတိုင်
ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲအား အဖွဲ့ချုပ်တူညီဝတ်စုံများဖြင့် မပျက်မကွက်တက်
ရောက်ကြပါရန် လေးစားစွာဖြင့်အသိပေး အကြောင်းကြားအပ်ပါသည်။

နေ့ရက်။ ။ ၂၃-၁၁-၂၀၀၉
အချိန် ။ ။ 
နံနက် ၁၀း၀၀မှ ညနေ၄း၀၀အထိ ။ အဖွဲ့ချုပ်အဖွဲ့ဝင်မျုား  ၉း၃၀အရောက်။
နေရာ ။ ။ Marunouchi Line မှလာလျှင် Awajicho Station မှ ၄မိနစ်၊

            Chiyoda Line မှလာလျှင်  Shinochanomizu Station Exit-B3 မှထွက်ထွက်ချင်း
             Rengo အဆောက်အဦး၊

                                       အောက်ပါမြေပုံညွှန်းအတိုင်းကြွရောက်ပါ။







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းအား တခဲနက် ထောက်ခံကြ

ရွှေဂုံတိုင်ကြေညာစာတမ်းအား မြန်မာ၊အင်္ဂလိပ်၊ဂျပန်ဘာသာ၊များဖြင့်လေ့လာနိုင်ရန်ထပ်မံဖော်ပြလိုက်ပါတယ်
Shwegonetaing Burmese English Japanese


သတင်းအပြည့်အစုံဖတ်ရန်..♥

....♥♥♥♥♥♥ ....

Sunday, 15 November 2009

တကမ္ဘာလုံးက လက်မခံတော့တဲ့ ဥိးသန်းရွှေ သိရိလင်္ကာမှာ ဆန္ဒပြခံရ


သီရီလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ရဲ့ အထင်ကရဖြစ်တဲ့ town hallလမ်းဆုံးကြီးမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အလည်အပတ်ခရီး ဖိတ်ကြားခဲ့ခြင်းနဲ့ ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံ နိုင်ငံရေး ပါတီအချို့က ကန့်ကွက်
ဆန္ဒပြကြပုံ ဗီဒီယိုပါ။ အောက်ပါ လင့်က တဆင့်လဲ YOU Tube မှာ သွားကြည့်နိုင်ပါတယ်။
http://www.youtube.com/watch?v=NnwWt-qlbEs&feature=player_embedded


source Saffron news Letter

သတင်းအပြည့်အစုံဖတ်ရန်..♥

....♥♥♥♥♥♥ ....

မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ


မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအဝင် အမိမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆောင်ရွက်ခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသားလူငယ်များကို ၂ဝဝ၇နှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းကာလများကတည်းက နအဖစစ်အစိုးရမှ မတရားဖမ်းဆီး ထိမ်းသိမ်းခဲ့ပါသည်။ ထိုကဲ့သို့ တနှစ်ကျော်ကြာ ဥပဒေမဲ့ ဖမ်းဆီးထိမ်းသိမ်းထားခဲ့ပြီးမှ ၄င်းတို.အား မတရားသည့် တဖက်သတ်တရား စီရင်ချက်များဖြင့် နှစ်ရှည်ထောင်ဒဏ် များချမှတ်ခဲ့ပါသည်။
ယခုကဲ့သို့ နအဖစစ်အစိုးရ၏ တရားဥပဒေမဲ့လုပ်ဆောင်နေမှုများကို ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြပွဲနှင့် ထောင်ဒဏ် ၆၅ နှစ်စီ မတရား ချမှတ်ခံထားရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို ပြုလုပ်မည် ဖြစ်ပါသည်။ အမိမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တတ်စွမ်းသ၍ ကြိုးပမ်းဆောင်ရွက်နေသူအားလုံးကို ပူးပေါင်းပါဝင်ကြရန်အတွက် ဖိတ်ခေါ်လိုက်ပါသည်။
နေ့ရက်။ ။ ၂ဝ ရက် နိုဝင်ဘာ ၂ဝဝ၉ (သောကြာနေ့)
အချိန်။ ။ ညနေ ၃းဝဝ မှ ၄းဝဝ
နေရာ။ ။ မြန်မာသံရုံး၊ ရှိနာဂါဝ၊ တိုကျို-ဂျပန်


သတင်းအပြည့်အစုံဖတ်ရန်..♥

....♥♥♥♥♥♥ ....

ရတနာပုံပရိတ်သတ် media များတဖတ်သတ်ရေးသားမှုမကြေနပ်


source။ အင်းဝ by shweone on November 14, 2009

သတင်းအပြည့်အစုံဖတ်ရန်..♥

....♥♥♥♥♥♥ ....